Sunday, September 6, 2009

Singapore trip day 5
















ဒီနေ့ဘလော့ဂါဆွေမျိုးတွေနှင့်စင်တိုစာသွားလည်ဖြစ်ခဲ့သည်။ ဘလော့ဂါတွေတစ်အုပ်ကြီး ပျော်ပျော်ပါးပါး စုစုဝေးဝေးနှင့် ဓာတ်ပုံတွေရိုက်ကြ၊ ဆော့ကစားကြနှင့် သမီးလေးလည်းတော်တော်ပျော်ပုံရပါသည်။ စင်္ကာပူမှဘလော့ဂါလေးတွေက လူငယ်တွေများသည်။ ဖော်ရွေခင်မင်တတ်ပြီး ရိုးသားဖြူစင်သည့်အပြုံးလေးများဝေနေတတ်သည်။ တကယ့်ဆွေမျိုးရင်းတွေအလည်လာလို့ ဂရုစိုက်သလိုမျိုး ဂရုစိုက်ပြီး ၀ိုင်းဝန်းပြုစုကြသည်မှာ၊ ကျွန်တော်တို့မိသားစုမှာ လိုလေသေးမရှိပြည့်စုံပျော်ရွှင်သည့် မိသားစုအပန်းဖြေခရီးလေးလိုဖြစ်ခဲ့ရပါသည်။ ဒီငါးရက်အတွင်းမှာ တစ်ခါဖူးမျှလူချင်းမဆုံခဲ့ဖူးသည့် လူငယ်ဘလော့ဂါလေးများနှင့်ဆုံတွေ့ပြီး၊ မိတ်ရင်းဆွေရင်းတွေလို ရင်းနှီးခင်မင်သွားခဲ့ရသည်။ သံယောဇဉ်ဖြစ်သွားခဲ့ရသည်။
ဒီနေ့ခရီးစဉ်သည်ပျော်စရာကောင်းသလို၊ လွမ်းစရာလည်းကောင်းလှသည်။ မနက်ဖြန်ဆို ခွဲခွာကြရတော့မည်လေ။ ကျွန်တော်တို့နှစ်ယောက်စလုံးက စိတ်တူကိုယ်တူ ခံစားချက်နှင့်သံယောဇဉ်ကြီးသူများပီပီ၊ လူကြီးတွေမို့ အပြုံးနှင့်နှုတ်ဆက်ခဲ့ရသော်လည်း မျက်ရည်ဝေနေခဲ့ရပါသည်။

ပြန်ဆုံကြမည်...တို့တွေဆက်ဆက်ပြန်ဆုံကြဦးမည်....

စင်္ကာပူမှဘလော့ဂါနှင့်စာဖတ်သူညီ-ညီမငယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

8 comments:

Unknown said...

ပုံတွေကြည့်ပြီး အရမ်းပျော်စရာကောင်းတာပဲ ၀မ်းသာကြည်နူးမိတယ်

တောင်ပေါ်သား said...

အကိုရေ
တနေ့နေ့တော့ သေချာ ပြန်ဆုံဆည်းကြမှာပါ ။ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ အရမ်းကို ကြည်နူးမိပါတယ်။

လေးစားလျက်
တောင်ပေါ်သား

maung said...

:(

ဆောင်းနှင်းရွက် said...

ဦးညဏ် ရေ ...။
တစ်နေ့နေ့တော့ ပြန်ဆုံကြတာပေါ့ ..။
ဦးညဏ်က သွားဆရာဝန်လား ..?
ဒီလိုမှန်းသိရင် ..
ကြုံတုန်း ၊ ကြုံခိုက် လေး တုန်း
သွားလေး ပြပါတယ် ..။
နောက်တာ ပါ နော် .. ။
ဟဲ ဟဲ ..။

Waing said...

နောက်တစ်ခေါက်လာရင်လေ နေ့ဘက်ပဲလိုက်ခဲ့တော့မယ်နော် ၀ိုင်း မလိုက်ဖြစ်ခဲ့တာ စိတ်မကောင်းပါဘူး ရုံးတက်နေရလို့ပါ

ဖိုးသင်္ကြန် said...

နောက်တစ်ခေါက်လာလို့ရအောင်
နောက်ထပ် ဆုတွေ ရပါစေလို့
ဆုတောင်းပေးပါတယ် အကိုရေ။
အကိုတို့ကြောင့်လည်း ကျွန်တော်တို့တွေ စုဆုံဖြစ်တာပါ။
ညီမလေး ခိုင်စံရေ၊ စာကြိုးစားကွ
ဖေဖေ့လိုဖြစ်အောင်လို့...။

မေလေး said...

ဦးဥာဏ်ရေ
မမေ့နိုင်စရာ နေ့လေးကို စင်ကာပူက ဘလော့ကာမောင်နှမတွေ အားလုံးအမှတ်ရနေမှာပါ။
နောက်တစ်ခေါက် ပြန်လည်ဆုံတွေ့ကြတာပေါ့။
အဲကျရင်တော့ လမ်းတွေသိအောင် သေချာလုပ်ထားပါ့မယ်။း))))
ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုနဲ့ အစ်မဝါဝါတို့ရဲ့ ပျော်စရာမိသားစုနဲ့ရော ခင်ရတဲ့ ဘလော့ဂါ မောင်နှမတချို့နဲ့ပါ ဆုံခဲ့ရတဲ့ အချိန်ကို အမြဲအမှတ်တရရှိနေမှာပါ။ အဲဒီည အစ်ကိုက သမီးလေးကို ကျောပိုးတာမြင်တော့ အဖေ့ကိုတောင် လွမ်းသွားမိသေးတယ်...