Wednesday, January 6, 2010

နောက်ဆုံးစာမေးပွဲ

ဒီနေ့ညနေ၅နာရီကနေ၆နာရီအထိ Thesis Presentation နဲ့ ပါမောက္ခတွေမေးတဲ့မေးခွန်းတွေကို ဖြေရတဲ့ PhD Thesis Defense ပြီးသွားပါပြီ။ ဘ၀မှာနောက်ဆုံးစာမေးပွဲဆိုရင်မမှားပါဘူး။ အသက်လည်း၃၉နှစ်ပြည့်တော့မယ်၊ ကိုယ်ရည်မှန်းထားတာတွေလည်းပြည့်စုံပြီမို့ ကျောင်းသားဘ၀လည်းအဆုံးသတ်သင့်နေပါပြီ။ ဒီမှာကျောင်းသားအများစုက ၄နှစ်အတွင်း စာတမ်းတစ်စောင်လောက်ပဲပြီးပြီး Defense ထိုင်ကြတာများပါတယ်။
Defense အတွက်ကျောင်းသားရေးရာမှာဖောင်တွေဖြည့်တော့ Thesis နဲ့ Defense လုပ်တဲ့ကျောင်းသားမရှိခဲ့ဖူးလို့၊ ကျောင်းသားရေးရာကလူတွေက ဘယ်စာရွက်စာတမ်းအမျိုးအစားသုံးရမယ်ဆိုတာ ချက်ချင်းမသိခဲ့ကြတော့၊ စာရွက်စာတမ်းတွေဖြည့်ရာမှာ အထစ်အငေါ့လေးတွေဖြစ်ခဲ့ရပါသေးတယ်။ စာတမ်းနဲ့ဘွဲ့ယူတာနဲ့ Thesis နဲ့ဘွဲ့ယူတာမှာ ဖြည့်ရတဲ့စာရွက်စာတမ်းကမတူတဲ့အပြင်၊ ကျွန်တော့်မှာက စာတမ်းက၃စောင်၊ Thesis ၁စောင်ဆိုတော့ သူတို့ဘယ်လိုဖြည့်ရမှန်းမသိခဲ့ကြတာပါ။
ဒီနေ့ Presentation ရော၊ မေးခွန်းတွေဖြေရာမှာပါ စာစစ်သူပါမောက္ခအားလုံးက သဘောကျကျေနပ်ကြပါတယ်။ စာတမ်း၃စောင်အပြင် Thesis ပါ၁စောင်တင်နိုင်တဲ့ကျွန်တော့်ကို ပါမောက္ခတွေက ချီးကျူးကြပါတယ်။ တခြားနိုင်ငံတွေမှာ နိုင်ငံတကာဂျာနယ်တွေမှာစာတမ်း၃စောင်တင်နိုင်ရင် ပါမောက္ခအဖြစ်ရာထူးတိုးတယ်-မင်းရောပြန်ရင်တိုးမှာလား..လို့မေးကြပါတယ်။ မြန်မာနိုင်ငံမှာက စာတမ်းအရေအတွက်တွေ၊ ဘွဲ့အရည်အချင်းတွေနဲ့ရာထူးတိုးတာမဟုတ်ဘဲ၊ စီနီယာအရ ရာထူးတိုးပေးတဲ့အကြောင်းပြောပြရပါတယ်။ မတိုးတဲ့အပြင် နိုင်ငံခြားရောက်နေတဲ့ ၅နှစ်အတွင်း ရာထူးတိုးမပေးတဲ့အတွက်၊ ပြန်သွားရင် အရင်ကရာထူးတူသူတွေထက်တောင် တဆင့်နိမ့်နေဦးမယ့်အကြောင်းပြောပြတော့ အံ့သြနေကြပါတယ်။ ဂျပန်ကိုပြန်လာမယ်ဆိုရင်အချိန်မရွေးကြိုဆိုနေမယ့်အကြောင်း၊ သုတေသနတွေဆက်လုပ်ဖို့အကြောင်း အားပေးစကားတွေပြောခဲ့ကြပါတယ်။ သူငယ်ချင်းတွေကလည်း အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့ကျွန်တော့်ကို ၀ိုင်းဂုဏ်ပြုကြရင်း ပြန်ရတော့မယ်ဆိုတဲ့အသိနဲ့ဝမ်းသာဝမ်းနည်းဖြစ်နေခဲ့ကြပါတယ်။ ဂျပန်လာရတဲ့ရည်ရွယ်ချက်တော့ပြီးဆုံးသွားပါပြီ။ မတ်လ ၂၆ရက်နေ့ဘွဲ့ယူပြီးရင် မြန်မာပြည်ပြန်ပါမယ်။ ပြန်မရနိုင်တော့မယ့်ပျော်ရွှင်စရာနောက်ဆုံးကျောင်းသားဘ၀ကို နောက်သုံးလကျော်ဖြတ်ရင်း၊ ဆက်ဘလော့ဂင်ပါဦးမယ်။

10 comments:

WWKM said...

OMEDETOUGOZAIMASU ပါ မောင်။

အောင်မြင်မှုတွေနဲ့အတူ ဘ၀ကို ပျော်ရွှင်ချမ်းမြေ့စွာ မိသားစု ၃ဦး အတူဖြတ်ကျော်နိုင်စေဘို့ ဆက်လက်ကြိုး
စားကြရအောင်နော်..


မီး

Lwin said...

Dr.Nyan, You are really great!!!!
I admire you

khaing said...

Dr. Nyan,

Congratulation!!!!

Really proud of u.
wish you all the best!

Unknown said...

ဂုဏ်ယူပါတယ် ဦးဥာဏ် မဝါတော့ အိမ်ထောင်ရေးကံတကယ်ကောင်းတယ်။ အားကျပါသည်။ မြန်မာပြည်မှာလဲ လူတော်တွေကိုချီးမြှောက်နိုင်ပြီး ပညာရေးကိုလဲ အားပေးနိုင်တဲ့ခေတ်ကိုရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မဝါရဲ့ တက္ကသိုလ်ပိုစ့် ဖတ်ပြီးတော့ အဲလိုတက္ကသိုလ်မျိုး တက်ချင်လိုက်တာ။
ညီမတို့ အခု နိုင်ငံခြားမှာ တက္ကသိုလ် တက်နေရပါမဲ့ လူမျိုးတူ စကားတူ နဲ့ ပညာကောင်းကောင်းသင် ချင်တာ။ မဝါတို့ ဆိုပျော်စရာ ကြီးပဲ။ :)

P.Ti said...

Congratulations! I am really proud of you...

Cheers!

tun tun said...

Dear Old my Friend,
Omedeto Gozaimas... Nagaku Hisashiburi desu ne... Tottemo Yorokonde, Anata no koto o Omoimasu..Itsu mo blogger o yonde Onenshitemasu....
Wife and Daughter ni mo Yoroshiku...
Your's old friend
Armnlay/ Tun2

Andy Myint said...

ကိုဥာဏ့်စာဖတ်ပြီး ကျွန်တော် (စာမေးပွဲတွေ ထပ်ဖြေဖို့) ငယ်ပါသေးလား အသိရတယ်.. Congrats ပါ။

Dr. Nyan said...

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Dust in the Wind said...

Congratulation! This post really encourage me.
Wishing all the best....
帰国した後も頑張ってください。Blogも続けて・・・・

Dust in the Wind said...

Congratulation! This post really encourages me.
Wishing all the best....
帰国した後も頑張ってください。Blogも続けて・・・・