Tuesday, March 11, 2008

ဘလော့(ခ်)တစ်ခုမွေးဖွားခြင်း

Blog, blogger စတာတွေဘယ်ကတည်းကပေါ်နေမှန်းမသိလောက်အောင်ကို အဆက်ပြတ်ခဲ့ရာက၊ ၂၀၀၇ နှစ်ကုန်ကမှစပြီးသတိထားမိလာခဲ့တာပါ။ ဒီနှစ်ထဲရောက်လာတော့ Research project နှစ်ခုပြီးသွားလို့အားလပ်ချိန်တွေပိုရလာချိန်နဲ့ အရေးအသားကောင်းလွန်းတဲ့ တချို့Blog တွေကို နှစ်သက်မိလာချိန် တိုက်ဆိုင်ပြီး ကိုယ်တိုင်လည်း ရင်ထဲရှိတာတွေ၊ ဝေမျှချင်တာတွေရေးချဖို့ ကိုယ်ပိုင်Blog ဖန်တီးချင်စိတ် ပေါက်လာတယ်လေ။ ပင်ကိုယ်ကလည်း Computer နဲ့ပတ်သက်တာမှန်သမျှစိတ်ဝင်စားပြီးသားမို့ ရေးမယ်လို့အားခဲနေခဲ့တာ ကြာပါပြီ။ ဒီကြားထဲဒုတိယမြောက် Research project ရဲ့Manuscript (စာတမ်း) ပြုစုတင်သွင်းတဲ့အလုပ်နဲ့ ရှုပ်နေခဲ့တယ်။ (ဒီအကြောင်းကိုနောက် Post တခုမှာ အသေးစိတ်ရေးပါအုံးမယ်။) ၂၈-၂-၂၀၀၈ မှာ Professor ဆီက approval ရပြီး အဲဒီနေ့ဘဲချက်ချင်း ဂျာနယ်ကိုပြန်ပို့လိုက်ပါတယ်။ (ပြန်ပို့တယ်လို့ပြောရတာက ဂျာနယ်ဆီကို ပထမတခေါက်ပို့ပြီး Revision လို့ခေါ်တဲ့ လိုအပ်တာပြင်ဆင်တည်းဖြတ်ပြီး ပြန်ပို့တာမို့ပါ။) ကိုယ်ပြင်ဆင်တဲ့အပိုင်းက လွန်ခဲ့တဲ့ ၂လကတည်းကပြီးနေခဲ့ပေမယ့် Professor လက်ထဲမှာ ၂လလုံးလုံးသောင်တင်နေခဲ့တာလေ။ ဒါနဲ့ စာတမ်းပို့တဲ့အလုပ်ပြီးသွားတော့မှဘဲစိတ်ဒုံးဒုံးချပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖြစ်တော့တယ်။
ဒီ Blog လေးက နောင်တစ်ချိန် Ph.D. သင်တန်းပြီးလို့မြန်မာပြည်ပြန်တဲ့အခါ အမှတ်ရစရာ ဒိုင်ယာရီလေးအနေနဲ့လည်းဖြစ်ကျန်ခဲ့မှာပါ။

0 comments: