Saturday, June 28, 2008

implant hands-on

ဒီတပတ်တော့ သူငယ်ချင်း Dr. Miyahara ရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့သူငယ်ချင်းတစု Dental Implant စိုက်တဲ့ လေ့ကျင့် surgery ကို ဌာနမှာ လုပ်ခွင့်ရခဲ့ကြပါတယ်။ Miyahara က ကုမ္ပဏီက instruments တွေနဲ့ လူနာအောက်မေးရိုး (အတု) တို့ငှားပေးပြီး အခမဲ့ လက်တွေ့ hands-on လုပ်ကြတာပါ။ Clinical ပိုင်းကိုစိတ်ဝင်စားတာသိတဲ့သူငယ်ချင်းက clinical treatment နဲ့ဆိုင်တာတွေ မျှဝေပေးပါတယ်။ အပြန်အလှန်အားဖြင့် research နဲ့ဆိုင်တာတွေကို ကျွန်တော့်ကို ပြသကူညီခိုင်းပါတယ်။ ဌာနမှာနိုင်ငံခြားကျောင်းသားများတဲ့အတွက် ဂျပန်ကျောင်းသားတွေနဲ့ နိုင်ငံခြားကျောင်းသား၊ နိုင်ငံခြားကျောင်းသားအချင်းချင်း Culture exchangeအပြင်တယောက်နဲ့တယောက်လိုအပ်တာ အပြန်အလှန်အကူအညီပေးရင်း ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘ၀ အမှတ်တရလေးတွေအများကြီးပါဘဲ။

0 comments: