Wednesday, August 26, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ


ရေးပါဆိုတော့လည်းကြောက်ကြောက်နဲ့ဘဲရေးရတော့မည်။ သူငယ်ချင်းတစ်ယောက်အကြောင်းဘဲရေးပါလို့ တစ်ချက်လွတ်အမိန့်ချခံထားရလို့ တစ်ယောက်အကြောင်းဘဲဦးစားပေးရေးပါမည်။ ရေးရင်းအပိုပါသွားရင်တော့ခွင့်လွှတ်မည်ထင်ပါသည်။

တကယ်ပါ။ ဇာတ်လမ်းအစမှအဆုံး ကျွန်တော်သည်သူမရဲ့သူငယ်ချင်းမျှသာဖြစ်ခဲ့ပါသည်။

...၁၉၈၆ ဒီဇင်ဘာ...
“ဟယ်..သူငယ်ချင်း..နင်ဒီရောက်နေတာလား..” သွားဆေးတက္ကသိုလ်ပထမနှစ်စတက်ချိန်၊ အဆောင်အခန်းဖော်ဖြစ်သူ အရာတော်မှသူငယ်ချင်းနှင့်အတူ လိပ်ခုံးမှကျောင်းဆင်းအပြန်၊ စံပြကားမှတ်တိုင်တွင်ကားပေါ်မှအဆင်း၊ ရှမ်းသံဝဲ
ဝဲနှင့်ဒီအသံကိုကြားလိုက်ရတာဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းက “ဥာဏ်လေး..မင်းကိုနှုတ်ဆက်နေတယ်” လို့ပြောမှ ကျွန်တော်လှည့်ကြည့်ဖြစ်သည်။ တောင်ကြီးမှာတုန်းက ၈တန်းနှစ်က တစ်ကျောင်းတည်းနေသူငယ်ချင်းဖြစ်နေသည်။ “ဟာ..နင်ဘယ်တုန်းကရန်ကုန်ရောက်နေတာလည်း”။ ကျွန်တော်ကမေးတော့..“ငါ့အမေရန်ကုန်...တက္ကသိုလ်ကိုပြောင်းရလို့ ငါတို့အားလုံးပြောင်းလာကြတာလေ။ ၂နှစ်ရှိပြီ။ နင်လေ..တော်တော်နေနိုင်တယ်။ မေမြို့မှာကျောင်းသွားတက်ကတည်းက ငါ့ကိုတစ်ခါမှစာပြန်မရေးဘူး။.....” သောကြာသမီးဖြစ်သူ သူငယ်ချင်းသည် အရင်တုန်းကလိုဘဲ သူပြောချင်တာ တတွတ်တွတ်ပြောလို့မဆုံး။ ပိန်ပိန်ပါးပါး-ရှေ့သွားလေးခပ်ကြီးကြီး-စကားသွက်သူဖြစ်သည်။ (သွားဆေးတက္ကသိုလ်တက်ပြီးမှ လူတွေကိုသွားနှင့်တွဲမှတ်တတ်လာသည်။ သိပ်ပြောလို့မဖြစ်..တော်ကြာ စင်္ကာပူက ဘလော့ဂါတွေနဲ့တွေ့ရင် ကျွန်တော့်ရှေ့မှာ မပြုံးမရီရဲဘဲနေဦးမည်)

သူမနဲ့ကျွန်တော်က ကျောင်းပိတ်ရက် တောင်ကြီးမှာ ကြက်ခြေနီသင်တန်းတက်ခဲ့စဉ်က ပိုမိုရင်းနှီးခင်မင်ခဲ့ကြတာဖြစ်သည်။ ငယ်ကတည်းက ဆေးနဲ့ပတ်သက်တာဝါသနာပါသောကျွန်တော်က ကြက်ခြေနီသင်တန်းကို အခြေခံ-သာမန်အဆင့်တွေတက်ဖြစ်ခဲ့သည်။ သင်တန်းနားထမင်းစားချိန်မှာ တခြားသူငယ်ချင်းတွေနဲ့အတူ ထမင်းစားကြချိန်တွင် သူမက သူ့ကိုဟင်းတွေလာလာထည့်ပေးတတ်သည်။ ကျန်သည့်သူငယ်ချင်းများက သူမကိုစ နောက်ကြသောအခါ သူမက ကြည်နူးသလိုပြုံးနေတတ်သည်။ ကျွန်တော်ကတော့ မသိသလိုနေခဲ့ပါသည်။ ဟုတ်သည်လေ..ကိုယ်က သူငယ်ချင်းလိုဘဲသဘောထားတာကိုး။ ကျွန်တော်က မောင်နှမသားချင်း (၅)ယောက်ထဲမှာ နံပတ် (၄)။ အကြီးသုံးယောက်လုံးက အမတွေချည်း။ ပြီးတော့ ကျွန်တော့်ကိုသိပ်ချစ်ကြ-သိပ်သ၀န်တိုကြသည်။ သူတို့မောင်ရည်းစားရသွားမှာ အလွန်ကြောက်ပြီး၊ စောင့်ရှောက်ခဲ့ကြလေသည်။ (အန်တီဝါ ကျွန်တော့်အမတွေကို နေ့တိုင်းကျေးဇူးတင်သင့်သည်မဟုတ်ပါလော။ သူမနဲ့တွေ့ချိန်အထိ သူတို့မောင်လေးဧ။် နှလုံးသားကို အသစ်ချပ်ချွတ်ဖြစ်အောင်ထိန်းသိမ်းထားပေးခဲ့သည်လေ။)ဒီလိုနှင့် (၉)တန်းစာမေးပွဲပြီးချိန်တွင် ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်သောမိဘများက မေမြို့ရှိဆေးတပ်မှခွဲစိတ်အထူးကုနှင့်အိမ်ထောင်ကျသော သူတို့ တူမ-ကျွန်တော့အမ၀မ်းကွဲ ထံ (၁၀)တန်းဆက်တက်ရန်လွှတ်ပါတော့သည်။ ဆရာဝန်နားနီးပြီးပိုဖြစ်ထွန်းလာအောင်..တဲ့။ ဒီလိုနှင့် တောင်ကြီးမှသူငယ်ချင်းမနှင့်ကျွန်တော်တို့ ခွဲခွာခဲ့ရသည်။
ကျွန်တော် တောင်ကြီးပြန်ရောက်တော့ သူမနဲ့တွေ့ဖြစ်ကြပြန်ပါသည်။“နင်မေမြို့ကျောင်းမှာရော သူငယ်ချင်းအသစ်တွေရခဲ့မှာပေါ့”ဟု စပ်စုတဲ့သူမက မေးတာဖြစ်သည်။ အေးပေါ့..လို့ဘဲခပ်လွယ်လွယ်ဖြေခဲ့ပါသည်။

ကျွန်တော်အတွေးဝင်နေတုန်း သူမက “နင်ဘယ်မှာနေတာလည်း..ငါတို့အိမ်ကဟိုမှာလေ..နောက်နေ့ကျရင်လာလည်နော်..သိလား။ နင့်ကိုမတွေ့ရတာကြာတော့ စကားအေးအေးဆေးဆေးပြောရအောင်။ မေမေနဲ့လည်းတွေ့ရတာပေါ့” သူမကဖိတ်ခေါ်ပါသည်။ ကျွန်တော်မသွားဖြစ်တော့ ကျွန်တော်တို့ ကျောင်းသားတွေနေသည့်လမ်းမတော်ဆေးကျောင်းဆောင်ကို စုံစမ်းလိုက်လာပြီး မရမကလာခေါ်တော့သည်။ သူငယ်ချင်းမိန်းကလေးကိုယ်တိုင်က အိမ်လည်ဖိတ်နေတော့ ကျွန်တော့်အခန်းဖော်က “မင်းကလည်း သွားလည်လိုက်တာမဟုတ်ဘူး။ ကောင်မလေးသနားပါတယ်” နဲ့တိုက်တွန်းသည်။ ဒါနဲ့ဘဲတစ်ရက် အခန်းဖော်နဲ့အတူ သူမအိမ်ကိုသွားလည်ဖြစ်ခဲ့သည်။ ရှမ်းစာတွေချက်ကျွေးပြီး စကားတွေတတွတ်တွတ်ပြောတော့သည်။ “သိလား..ဘယ်သူနဲ့ဘယ်သူကစွံသွားပြီ၊ ဘယ်သူကအိမ်ထောင်ကျသွားပြီ..” စသည်ဖြင့်ပြောပြကာ၊ အဆုံးသတ်သည်က “နင်နဲ့ငါဘဲကျန်တော့တယ်” တဲ့။ ကျွန်တော်က မျက်နှာဘယ်ထားရမလဲမသိအောင်ဖြစ်နေချိန်မှာ ဘေးက အခန်းဖော်သူငယ်ချင်းက ကျွန်တော့်ကို တံတောင်တတွက်တွက်။ အဆောင်ပြန်ရောက်တော့လည်းပြောမဆုံး။

အဲဒီတစ်ခေါက်ဘဲရောက်ဖြစ်ပြီး နောက်ပိုင်းစာများတာအကြောင်းပြပြီး ထပ်မသွားဖြစ်ခဲ့ပါ။ ဒုတိယနှစ်စာမေးပွဲဖြေခါနီးတစ်ရက်မှာ သူမအဆောင်သို့ပေါက်ချလာခဲ့သည်။ မျက်နှာလည်းမကောင်း။ ငိုထားလို့မျက်လုံးတွေကမို့နေသည်။ “စကားပြောစရာရှိလို့ ခဏလောက်အပြင်လိုက်ခဲ့ပါဟာ” ဆိုတော့ ကျွန်တော်လည်း ဘာများဖြစ်ပါလိမ့်လို့စိုးရိမ်ပြီး လိုက်သွားခဲ့ပါသည်။ လဘက်ရည်ဆိုင်မှာ စကားထိုင်ပြောကြတော့ “သူငယ်ချင်း..ငါသေချင်တယ်ဟာ..”ဆိုပြီးရှိုက်ပြီးငိုပါတော့သည်။ “နင်ဘာဖြစ်တာလည်း။အန်တီနဲ့စိတ်ဆိုးလို့လား။ စာမေးပွဲနီးချိန်မှာဘာတွေဖြစ်နေတာလဲ” လို့မေးတော့၊ “ငါပြောလည်းပြောပြချင်တယ်၊ ပြောရမှာလည်းရှက်တယ်ဟာ။ ငါသေသွားတာဘဲကောင်းပါတယ်” ပြောပြောငိုငိုဖြစ်ပြန်တော့သည်။ “နင်နဲ့ငါသူငယ်ချင်းတွေမဟုတ်လား၊ အရေးကြီးတဲ့အချိန်မှာ ဒီငယ်သူငယ်ချင်းမှမပြောပြမတိုင်ပင်ရင်နင်ဘယ်သူ့ကိုသွားပြောမလဲ” ကျွန်တော်အကြိမ်ကြိမ်မေးတော့မှ “မနေ့က အိမ်မှာငါတစ်ယောက်ထဲစာကျက်နေတုန်း ဘေးခန်းက အသိကောင်လေးဝင်လာပြီး..ငါ့ကို..ငါ့ကို....” ကျွန်တော်သဘောပေါက်သွားပါသည်။ “ငါ့အမေသိရင်၊ တခြားလူတွေသိကုန်ရင် ငါ့အမေက တက္ကသိုလ်မှာဆရာမဆိုတော့ နာမည်ပျက်တော့မှာမို့ ငါဘယ်သူ့ကိုမှမပြောပြရဲဘူးဟာ” “ငါမရှိတော့တာဘဲအေးမှာပါ” ကျွန်တော်သူမကိုအလွန်သနားသွားမိပါတယ်။ ဘယ်လိုနှစ်သိမ့်ရမယ်မှန်းလည်းမသိ။ နောက်ဆုံးတော့ သူမမကြံကောင်းမစည်ရာလျှောက်မလုပ်မိအောင်ကျွန်တော်စကားတစ်ခွန်းပြောလိုက်ပါတော့တယ်။ “သူငယ်ချင်း..ငါနင့်အနားမှာအမြဲရှိနေပါမယ်ဟာ..ဘာမှစိတ်မပူနဲ့” သူမအငိုတိတ်သွားပြီး ကျွန်တော့်လက်ကိုအားကိုးတကြီးဆုတ်ကိုင်ထားရာက “နင်တကယ်ပြောတာလား..ငါအရမ်းပျော်သွားပြီဟာ” “တကယ်ပေါ့..နင်စိတ်အေးလက်အေးစာကျက်..စာမေးပွဲမထိခိုက်စေနဲ့ နော်..မငိုနဲ့တော့” လို့နှစ်သိမ့်ပြီး အဆောင်ပြန်ခဲ့ပါတော့တယ်။ သူမကိစ္စက တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်မသိပါ။ နောက်ဆက်တွဲဘာမှပြဿနာမရှိခဲ့တာတော့သေချာသည်။ သူမကတော့ အရမ်းမျှော်လင့်ခဲ့ရတဲ့အရာကို ရပြီဆိုပြီးပျော်နေခဲ့ပါတယ်။ ကျွန်တော့်ဘက်ကလည်း ငါသူငယ်ချင်းကောင်းပီသစွာနဲ့ ငါ့သူငယ်ချင်းစိတ်ဒုက္ခရောက်ချိန်မှာ ကူညီနှစ်သိမ့်ခွင့်ရလို့ လိမ်ပြောခဲ့ရမယ့်ငါလိပ်ပြာသန့်တယ်။ ဟန်ဆောင်ပြီး ပြောခဲ့ရပေမယ့် ငယ်သူငယ်ချင်းလိုဘဲခင်ပါတယ်ဟာ။ ငါ့ကိုခွင့်လွှတ်ပါ..လို့စိတ်ထဲကပြောနေမိပါတယ်။ နောက်နေ့တွေမှာသူမက တွေ့ချင်တဲ့အကြောင်းပြောပေမယ့် စာမေးပွဲကြောင့်မတွေ့ဖြစ်ခဲ့ပါဘူး။ စာမေးပွဲအောင်စာရင်းထွက်ပြီးနောက်တနေ့မှာ “သူငယ်ချင်း..ငါနင်တစ်ခုခုလုပ်သွားမှာစိုးရိမ်လို့ နင့်ကိုညာပြောဖြစ်ခဲ့တာပါ။ နင်ဟာငါ့ရဲ့အမြဲတမ်းသူငယ်ချင်းပါ။ ငါ့ကိုခွင့်လွှတ်ပါကွာ” လို့ သူမအိမ်လိပ်စာနဲ့စာရေးလိုက်ပြီး တောင်ကြီးပြန်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းမလည်း ကျွန်တော့်ကိုစိတ်နာသွားမယ်လို့ထင်ပါတယ်။

ကျောင်းပြန်ဖွင့်ပေမယ့်ကျွန်တော်တို့ပြန်မတွေ့ဖြစ်တော့ပါဘူး။ နောက်ဆုံးဆုံဖြစ်ခဲ့တာက၊ အန်တီဝါနဲ့ချစ်သူတွေဖြစ်ချိန် နောက်ဆုံးနှစ်ကျောင်းသားဘ၀၊ တရုတ်တန်းသွားလည်ကြချိန်မှာပါ။ သူမက တည်တည်ငြိမ်ငြိမ်ပါဘဲ။ “သူငယ်ချင်း..ဒါငါ့ချစ်သူလေ..
ဝါ၀ါခိုင်မင်းတဲ့-မိန်းထဲမှာမာစတာတက်နေတယ်” လို့ ကျွန်တော်မိတ်ဆက်ပေးခဲ့ပါတယ်။
“၀ါလေး..ဒါမောင့်ရဲ့အခင်ဆုံးသူငယ်ချင်းလေ” လို့မိတ်ဆက်ပေးတော့ သူမအပြုံးနဲ့နှုတ်ဆက်ခဲ့ပေမယ့် သူမမျက်လုံးထဲက မျက်ရည်တွေကျွန်တော်တွေ့ဖြစ်အောင်တွေ့လိုက်ပါသေးတယ်။ သူငယ်ချင်းရေ။ ဖူးစာဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသားပါ။ နင်နဲ့ငါအမြဲသူငယ်ချင်းပါဟာ..လို့ ကျွန်တော်စိတ်ထဲကပြောလိုက်မိပါတော့တယ်။

ဇာတ်လမ်းရှည်သွားတာခွင့်လွှတ်ကြပါဗျာ။ တခါမှမပြောပြဖူးတဲ့အကြောင်းကို ဘလော့ပေါ်ရောက်မှဖတ်ရရင်......
ကျွန်တော်တော့မျက်ခုန်းခပ်လှုတ်လှုတ်ဘဲ။
ကူပြောပေးကြပါဗျာ။

30 comments:

WWKM said...

;(((((((((((((((((((((

Rita said...

ဟီးဟီး

yangonthar said...

အချစ်ဆိုသည်မှာ ပေါ့လေ အစ်ကို မကြီးတော့ ကောက်တော့မယ် ထင်တယ် နောက်ပြောစရာ လေးတွေလည်း ရှိရင် ဘွင်းဘွင်းကြီးသာ ရေး
ချဗျ ကျွန်တော်တို့ စောင့်ပြီးဖတ်မယ် ဗျို့ မကြီး
စိတ်ဆိုးရင်တော့ နော်တို့ ပါဘူးဗျို့  အစ်ကိုကြီး တို့ လင်မယားက အသွင်တူလို့ တင်ရဲ့ အရေး
အသားလေးတွေ အရှောင် အတိမ်းလေးတွေက
ကောင်းတယ်နော် ..... မကြီးလည်း တူတူပဲ
ပျော်မဆုံးတဲ့ အချစ်ဆုံးဇနီးမောင်နှံများ
ဖြစ်ကြပါစေ ဗျာ
ညီမောင်ငယ် ရန်ကုန်
(မကြီး ကျနော် ဘာ.........မှ ပြောဘူးနော် :P)

တောင်ပေါ်သား said...

အဟီးဟီးးးးးးး အရင်မန့်ဦးမှ

တောင်ပေါ်သား said...

အဟား ဒါမှ နာတို့ တောင်ကြီးသားကွ စွံတာကြည့်ပါ့လားး) တီဝါတောင် ထိုင်ငိုသွားမယ်း) အဟား

စတာ တီဝါရေ ငိုနဲ့ ငိုနဲ့. ဦးဥာဏ်က တီဝါကို အချစ်ဆုံး ၊ သမီးလေးနဲ့ တီဝါနဲ့ ရှိရင် ဦးဥာဏ်ဘ၀ကြီး ပြည့်စုံနေလေပြီး)

ချစ်သော မိသားစုလေး အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

စကားချပ်။ ။ ဟိုအမကြီးက တောင်ကြီးမှာပဲလား အပျိုကြီးပဲလားဗျာ သနားပါတယ်နော့် ကျနော့် ဦးလေးနဲ့ မိတ်ဆက်ပေးမယ်လေ အဟေးဟေးးးးး


လေးစားလျက်
တောင်ပေါ်သား

MANORHARY said...

:)))))))))))))))
အပြောကြီးပြီး တစ်ယောက်တည်းရေးနိုင်တယ်
း))) ၇ ယောက်လောက်များဖတ်ရမလားလို့...

WWKM said...

မနော်ရေ.. ၇ ယောက်အကြောင်း ထည့်ရေးထားတာတော့ ..ဘယ်ရမလဲ မီးက ဆင်ဆာ
ဖြတ်လိုက်တာ..း(
ရေးမယ့်ရေးတော့ လက်ကိုင်တောင်ခံလိုက်သေးတယ်.း(
မီးမသိဘူး ဒီဇာတ်လမ်း..ခုမှသိရတာ.း((((((

မေတ္တာရောင်ပြန် said...

မမ၀ါ ငိုနဲ့နော်။ ကိုယ်စတဲ့ ဇတ်လမ်းပဲကွယ်.... ဟိဟိ
ဦးဥာဏ်ရေ စလုံးရောက်တဲ့ ရေးထားတဲ့ ထဲမှာ မပါတဲ့ လှို့ဝှက်လေးတွေပါ ပြောပြနော်။

အမွှေမလေး မိရောင်

:P

ရွာသားလေးဝိုင်တီယူ said...

ဦးဥာဏ် ဘက်က အယူခံဝင်ပါတယ်ခင်ဗျာ.

တစ်ပတ်လောက် စိတ်ကောက်တယ်ဆိုတာ ကိုယ်လုံးကို တစ်ပတ်လှည့်လိုက်တာကိုပြောတာဗျ

ဟားဟားဟား မကြီးဝါ မကြီးဝါ

Anonymous said...

ဆင်ဆာက ခွင့်မပြုတော့
ဇာတ်လမ်းက အရသာနဲနဲ ပေါ့နေသလိုပဲနော်
ဦးဥာဏ်တို့ မိသားစု ပျော်ရွှင်ပါစေဗျာ

ဝသန်မိုး

သစ်သစ် said...

ဟားဟား မမမောင် စလုံးမှာရှော့ပင်ထွက်ဖို့ မုန့်ဖိုးတောင်းရကောင်းသွားပြီကွယ်....ပညာတွေ ပညာတွေ..စလုံးရောက်တုန်း သင်ဦးမှပါလေ..ဟိ

မီးမီးချစ် said...

ဦးဥာဏ်ရေ ဒါပဲလား..မယုံပါဘူးနော်.. ဟီး
မမဝါ ရေ အစ်အောက်မေး
လျှို့ ဝှက်ထားတာ တွေ ရှိသေးပုံပဲ..း))

နဒီမိုးညို said...

ချော့ရတော့မယ်နော်..မမကတော့..
ကောက်နေပြီ..ဟီးးးးး

မေလေး(ဆုံနိုင်ခွင့်) said...

အဟားးးး ဦးဥာဏ်တို့က ပိုင်တယ်ကွာ စွံချက်ကတော့ ။
ဦးဥာဏ်ရေ စလုံးရောက်မှ ဇာတ်လမ်းအပြည်အစုံ ပြောပြနော်။ မမဝါ မသိအောင် ပြောနော်။

ဟိဟိ
ဦးဥာဏ်သနားပါတယ်။ မမဝါကို ချော့ပေတော့။
မမဝါရေ တစ်ခါတစ်လေလဲ စိတ်ကောက်ရတာ ချစ်ချင်းရဲ့  အရသာဘဲကိုးး။
(တူလဲ သိဘဲနဲ့ ဆရာလုပ်တွားတာ။ အဟက်)

ကြည်ဖြူပိုင် said...

ဦးဥာဏ်တော်လိုက်တာကွာ..အမှန်ကိုရဲရဲဝန်ခံရဲတယ်..အဲဒီ့လိုယောကျာင်္းကောင်းပီသလို့ မမ၀ါလိုမိန်းမပီပီ
သသလေးနဲ့ဖူးစာဆုံပြီး..ချစ်စရာသမီးလေးမွေးတာ။
မမ၀ါကိုချော့လိုက်နော်...“၀ါလေးရေ....နင်ရေးလို့ငါလဲအမှန်ပြောတာပါဟ...အမှန်ပြောတာရိုးသားတာလေ။
အန်တီဝါပဲရိုးသားတာမှသဘောကျဆို” လို့....
ဟားဟား..ဦးဥာဏ်တော့မမ၀ါကိုချော့ရတော့မယ်..မရရင်ခိုင်လေးကိုပါစစ်ကူခေါ်......
ခင်မင်စွာဖြင့်...

ကြည်ဖြူပိုင် said...

ဦးဥာဏ်တော်လိုက်တာကွာ..အမှန်ကိုရဲရဲဝန်ခံရဲတယ်..အဲဒီ့လိုယောကျာင်္းကောင်းပီသလို့ မမ၀ါလိုမိန်းမပီပီ
သသလေးနဲ့ဖူးစာဆုံပြီး..ချစ်စရာသမီးလေးမွေးတာ။
မမ၀ါကိုချော့လိုက်နော်...“၀ါလေးရေ....နင်ရေးလို့ငါလဲအမှန်ပြောတာပါဟ...အမှန်ပြောတာရိုးသားတာလေ။
အန်တီဝါပဲရိုးသားတာမှသဘောကျဆို” လို့....
ဟားဟား..ဦးဥာဏ်တော့မမ၀ါကိုချော့ရတော့မယ်..မရရင်ခိုင်လေးကိုပါစစ်ကူခေါ်......
ခင်မင်စွာဖြင့်...

ထား said...

အကိုဥာဏ်ရေ ကိုလှအောင်က ပြောနေလေရဲ့  ဗိုလ်ဥာဏ် စွံတာ ခုမှ သိသဗျတယ်လေ။ ဟားဟား သူစွံတာက အကိုဥာဏ် ထက်ပိုမယ် ထင်တာပဲနော် ။တွေ့ရင် ရအောင် မေးပေးဦး။ဟိဟိ။ မမ၀ါရေ သူငယ်ချင်းအချစ်ထက် မပိုပါဘူးတဲ့ အကိုဥာဏ်က ပြောနေပါတယ်။စိတ်မကောင်းမဖြစ်နဲ့နော်။

အကိုဥာဏ်နဲ့ မမ၀ါ

ပျော်ရွှင်ပါစေနော်။

အောင်+ထား

ငှက်ငယ်လေး said...

တီတီဝါ တိတ်တိတ် ငို နဲ့ နော်...
ဟီးးး ဘာပြောရမှန်းတောင်တိဝူးဂျာ

ဖိုးသင်္ကြန် said...

ီအကိုလာရင် စာအုပ်နဲ့ ဘောပင်ကိုင်ပြီး လက်ချာလိုက်တောင်းဦးမှပါပဲ။
ခုတော့
ဗိုက်ခေါက်လေးအဆွဲလိမ်ခံလိုက်ပါဦး
ဟဲ ဟဲ

Anonymous said...

မ၀ါ နဲ့ အကြောင်းလေးေ၇းပါအုံး...အကိုဥာဏ်ရေ

ကိုလူထွေး said...

ကိုကြီးဥာဏ်က အတော်ကြောက်တတ်သကိုး...

ကိုလူထွေးအိမ်က သီချင်းနားထောင်မိရင်တော့ ဘာပြောမလဲမသိ...

(မြှောက်ပေးသွားသည်)

းဝ)

Anonymous said...

Hi!
Nice to read your blog.

နွေးနွေးသဲမွန် said...

KwiKwi... ဟိုသီချင်းလေးထဲကလို..."တို့ နှစ်ယောက်တယောက်နဲ့ တယောက်စိတ်ကောက်ကြတုန်းက" ...ဟိ...

Dr. Nyan said...

သူငယ်ချင်းနံပါတ် ၃-၅-၆-၇ ကို ရောသောဖောသောနဲ့
ထည့်ရေးထားတာ မြန်မာပြည်ကစိစစ်ရေးထက်ဆိုးတဲ့
ဆင်ဆာနဲ့တွေ့သွားတယ်ဗျာ။
:)

ZT said...

အော်။ အစ်ကို ဆင်ဆာမိသွားလို့ ဒီလောက်ပဲ ရေးတာကိုး။ ပညာတွေ ကပ်ယူဦးမှပဲ။ :D

may said...

ဦးဉာဏ်က မမ၀ါကို အန်တီဝါတဲ့
(မမ၀ါကဖြင့် အန်တီအရွယ်မဟုတ်ပဲနဲ့ နော့ မမ၀ါ)
ခဲတံချွန်ရင်းသတိရလို့  ကောက်ရေးလိုက်တာနော့ ဦးဉာဏ်

မေဇင် said...

ဝေးးးးးးးး 7 ယောက်တောင်ဆို ဦးဥာဏ်ရေ... ။ဒီတစ်ယောက်ထဲတောင် မမ၀ါ ငိုပြီ....။ မမ၀ါ ... ပြန်ရေးပါဗျို့... အားကျမခံ... ။ ဦးဥာဏ် စိတ်ဆိုးမှာ စိုးလို့ မြုတ်ထားတဲ့ အကွက်လေးတွေကို...ဆက်ရေးပါ...း))) နောက်တာနော်...။ မမ၀ါ တို့အတွဲကို ကြည့်ရတာ ပျော်စရာကောင်းလိုက်တာ..။

WWKM said...

အမယ်..ဒါမျိုးဆို တယ်အားပေးကြပါလား.ဟဟား

kaungkinpyar said...

နောက်ဆက်တွဲလေးတွေ စင်ကာပူ ရောက်မှ နားထောင်မယ် ဦးဥာဏ်ရေ၊
မမက ကောက်ချင် တပတ်လှည့်ပြီးကောက်ပါစေ၊ ရွာသားပြောသလိုပဲး)၊ဦးဥာဏ်တို့ မိသားစုလေး ပျော်ရွှင်ပါစေ

Dr.Nay Oo (Burma) said...

အိုင်ပီ ဦးအောင်သင်းရေ -
ဒီအမှုက လွယ်မယောင်နဲ့ တော်တော်နက်မယ်ဗျ။
အိုင်ဆေး ကိုနှင်းမောင် ခင်ဗျားက ဘယ်လိုကောက်ချက် ဆွဲ ချင်တာလဲဗျ။
ဒီလိုလေဗျာ။ အမှုသွား အမှုလာကို ကြည့်လိုက်တော့ ပွင့်ပွင့်လင်းလင်း ဝန်ခံသလိုလိုနဲ့ ဖြောင့်ကွယ်၊ကွယ်ထားတာ လေးတွေ၊တွေ့နေရတယ်ဗျ။
ကျွန်တော်တော့ “ဥာဏ်”မမီဘူး၊ကိုနှင်းမောင်ရယ် ပြောစမ်းပါဦး။
ခင်ဗျား “ဥာဏ်”မမီတာလဲ မပြောနဲ့လေ။ ဝန်ခံသွားတဲ့သူက “ဥာဏ်” သမားကိုးဗျ။ အများကြီးတွေ့မိတဲ့ အထဲက တချက်ကိုပဲ ပြောမယ်ဗျာ။
အမှုဝန်ခံချက်မှာ လက်ကိုကိုင်တာပဲဖေါ်ပြထားတယ် နော်။ အမှန်က လက်ဆိုမှတော့ ပုခုံးနဲ့ နီးနီးလေးပဲဗျ။ လက်ကိုင်မှတော့ ပုခုံးကိုထိတော့မှာပေါ့ဗျာ။
ပုခုံးကလေးထိတာများ၊ ကိုနှင်းမောင်ရယ်၊ တရားလိုက ဒီလောက်တော့ခွင့်လွှတ်နိုင်လောက်ပါတယ်။
ကျွန်တော်က လူပျိုကြီးပေမဲ့ ဒီလောက်တော့ ကောက်ချက်ဆွဲနိုင်ပါတယ်ဗျာ။ ဆိုစကားရှိမဟုတ်လား။
“ပုခုံးပါးဝယ်ထိတော့သည်၊နှလုံးသားဝယ်ငြိတော့သည်” ဆိုတာလေဗျာ။ ဒါကြောင့်လဲ ဒီလောက်အချိန်တွေ ကြာတာတောင် အဖြစ်အပျက်တွေကို ခုနှစ်၊ လ၊ အတိအကျနဲ့တကွပါလာတဲ့ ဘယ်နယ်သားသူငယ်ချင်း၊ ကားမှတ်တိုင်ကအစ မှတ်မှတ်ရရ ဖြစ်နေတာပေါ့ဗျာ။ ကျွန်တော်ကတော့ နှလုံးသားမြို့ဟောင်းတူးဖေါ်ချက် တဝက်တပျက် အစီရင်ခံစာလို့ပဲ ယူဆတယ်ဗျာ။ ဒါတောင် သေသေချာချာ စစ်ကြောရေး ဝင်လိုက်ရင် ကိုင်တဲ့လက်ဟာ ဘယ်လား၊ညာလား တိတိကျကျ ပြောလိမ့်မယ်ဗျ။
ကိုနှင်းမောင်ပြောသလိုဆို၊ ဒီအမှုက အစကနေ ပြန်စစ်ဖို့လိုမယ်ထင်တယ်ဗျ။
ဒါတော့ အိုင်ပီရေ၊ တရားလိုက လွတ်စေဆိုလဲ ပြီးနိုင်ပါတယ်ဗျာ။ ရှေ့ကို တော့ တော်တော်သတိထားရမှာပေါ့လေ။