Sunday, January 17, 2010

Halitosis သို့မဟုတ် ခံတွင်းနံ့ပြဿနာ

Prevalence - ခံစားရမှုအခြေအနေ
ခံတွင်းနံ့ပြဿနာဟာ ကမ္ဘာပေါ်ကလူသားအတော်များများမှာခံစားနေရတဲ့ပြဿနာတခုဖြစ်ပါတယ်။ အတိမ်အနက်သာကွာနိုင်ပါတယ်။ သုတေသနတွေအရ ၅၀%သောသူတွေဟာ ခံတွင်းနံ့ပြဿနာခံစားနေရတယ်လို့ဆိုပါတယ်။ လူ၄၉၁ယောက်ကိုလေ့လာချက်အရ ၄၅%ဟာဒီပြဿနာကိုခံစားရပြီး၊ အဲဒီထဲက ၄၀%ကသာ အမှန်တကယ်ခံတွင်းနံ့ပြဿနာရှိသူဖြစ်ပြီး ၅%ကတော့ pseudo-halitosis လို့ခေါ်တဲ့ အမှန်တကယ်ခံတွင်းနံမနေပေမယ့်၊ ကိုယ့်ဘာသာအနံ့ဆိုးရှိနေတယ်လို့ခံစားနေရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီသုတေသနရလာဒ်တွေအရ၊ လူတော်တော်များများမှာတကယ့်ကိုပြဿနာရှိနေပြီး၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်နေတဲ့သူတွေလည်းရှိနိုင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

How to detect - ဘယ်လိုစမ်းသပ်ကြည့်မလဲ
အထက်မှာပြောခဲ့သလို လူတွေအများကြီးမှာဒီပြဿနာရှိနေပေမယ့်၊ တော်တော်များများသတိမပြုမိကြပါဘူး။ အားနာမှုနံရံခြားနေတာနဲ့၊ လူတယောက်ဟာ၊ မိမိနဲ့စကားပြောဖက်က ခံတွင်းနံ့နံနေတာကို တဖက်သားသိအောင်ပြောခဲပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အနံ့နဲ့ယဉ်ပါးသွားတာကြောင့်ရယ်၊ ကိုယ့်ခံတွင်းကအနံ့ကိုယ်ရဖို့မလွယ်တာရယ်ကြောင့်သတိပြုမိသူနည်းပါတယ်။ ဒီလိုအခြေခံအကြောင်းတွေကြောင့် ခံတွင်းနံ့နံတာဟာ တခါတလေမှာ လူမှုဆက်ဆံရေးမှာထိခိုက်ပြီး နေ့စဉ်ဘ၀နဲ့ ကိုယ်ရည်ကိုယ်သွေး-မိမိအပေါ်မိမိယုံကြည်မှု -self-confidence လျော့နည်းလာစေကာ၊ လူမှုပြဿနာတွေတွေ့ကြုံရတဲ့အထိဆိုးဝါးနိုင်ပါတယ်။ ဒါကြောင့်တကယ်ဘဲ ခံတွင်းနံ့ဆိုးနေပြီလားဆိုတာ ကိုယ်တိုင်စစ်ကြည့်ဖို့လိုပါတယ်။

နည်း(၁) လျှာကိုအရင်းနားရောက်အောင်ထုတ်ပြီး မှန်ထဲမှာကြည့်ပါ။ လျှာရင်းမှာအဖြူရောင်အကွက်တွေ အပြင်လိုက်တွေ့နေရရင် ခံတွင်းနံ့နံဖို့ ရာနှုန်းတော်တော်များနေပါပြီ။

နည်း(၂) ကိုယ့်ရဲ့ဆွေမျိုးသားချင်း-အိမ်ထောင်ဖက်စသည်ကို ခံတွင်းနံ့နံမနံ စစ်ဆေးခိုင်းပါ။

နည်း(၃) ဆေးခန်းမှာစစ်ဆေးပါ။ Halimeter လို့ခေါ်တဲ့ခံတွင်းထဲမှာ အနံ့ဆိုးထွက်စေတဲ့ ဆာလဖာဓာတ်ပမာဏကိုတိုင်းတာတဲ့စက်နဲ့တိုင်းကြည့်နိုင်ပါတယ်။ (မြန်မာပြည်မှာတော့သုံးတယ်လို့ပြောသံမကြားရသေးပါ)

Causes - ဖြစ်ရသောအကြောင်းရင်းများ

ခံတွင်းနဲ့နံရခြင်းအကြောင်းတွေအများကြီးအနက်က၊ အဓိကနဲ့အတွေ့များတဲ့အကြောင်းက local causes လို့ခေါ်တဲ့ ခံတွင်းထဲကပြဿနာတွေကြောင့်ဖြစ်ပါတယ်။ ၈၅-၉၀%သောခံတွင်းနဲ့ပြဿနာတွေဟာခံတွင်းထဲကအကြောင်းကြောင့်ဖြစ်ပါတယ်။ အခြေခံကတော့၊ sulfur-ဆာလဖာဓာတ်ပေါင်းတွေနဲ့ methyl mercaptan မီသိုင်းမာကက်ပတန် ဓာတ်တွေကအနံ့ဖြစ်ပါတယ်။ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ဓာတ်ငွေ့ဟာ ကြက်ဥပုပ်နံ့ရှိပြီး မီသိုင်းမာကက်ပတန် ဓာတ်တွေက မုန်လာထုပ်ပုပ်နံ့ထွက်ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေထဲက ရေစီးကမ်းပြိုလိုရောဂါမျိုးဖြစ်စေတဲ့ anaerobic bacteria (အောက်စီဂျင်မကြိုက်တဲ့ဘက်တီးရီးယား)တွေဟာ ဒီဓာတ်ငွေ့တွေကိုထုတ်လုပ်ပါတယ်။ ဒီပိုးတွေက calculus လို့ခေါ်တဲ့သွားကျောက်တွေအောက်မှာ၊ ရေစီးကမ်းပြိုရောဂါကြောင့်ဖြစ်လာတဲ့သွားဖုံးရောင်ပြီးကျန်ခဲ့တဲ့အိတ်တွေထဲမှာ၊ လျှာအရင်းက villi လို့ခေါ်တဲ့ နေရာတွေထဲမှာခိုအောင်းနေပါတယ်။ ဒါကြောင့်ခံတွင်းနံခြင်းရဲ့အဖြစ်နိုင်ဆုံးအဖြစ်များဆုံးအကြောင်းတွေက...

local causes
(၁) သွားဖုံးရောင်ရောဂါမှနာတာရှည်သွားမြစ်ဝန်းကျင်ရောင်ရောဂါပြောင်းသွားပြီး၊ ရေစီးကမ်းပြို (အရပ်အခေါ်)ရောဂါရသည့်အခါ
(၂) လျှာရင်းတွင် ဘက်တီးရီးယားပိုးမွှားများခိုအောင်းနေသည့် အဖြူလွှာကပ်နေသည့်အခါ
(၃) သွားပိုးစားရောဂါဖြစ်ပြီး၊ မကုသသည့်အခါ၊ ပိုးစားပေါက်ထဲတွင်အစာဟောင်းနှင့်ပိုးမွှားများခိုအောင်းနေသည့်အခါ
(၄) သွားများထပ်နေသဖြင့် သွားကြားတွင်အစာဟောင်းများကပ်နေပြီး မရှင်းလင်းနိုင်သည့်အခါ
(၅) စိုက်သွားတုစွပ်ထားရသော သဘာဝသွားတွင် မမြင်ရဘဲပိုးစားနေသည့်အခါ
(၆) ပုံစံမကျသောစိုက်သွားများစိုက်ထားရသည့်အခါ
(၇) သွားအရင်း-သွားကြားများတွင် သွားကျောက်များတည်နေသည့်အခါ
(၈) ခံတွင်းသားတွင် Apthous ခေါ်အနာ၊ ကင်ဆာနာ စသည့်အနာများရှိသည့်အခါ
(၉) အကြောင်းအမျိုးမျိုးကြောင့် ခံတွင်းရေဓာတ်ခြောက်ခမ်းခြင်း (dry mouth) ခံစားနေရသည့်အခါ

Causes related to systemic diseases အထွေထွေရောဂါများနှင့်ဆက်စပ်သောအကြောင်းများ
(၁) လေအိတ် (maxillary sinus)၊ အဆုတ်၊ လေပြွန်၊ အာသီး၊ အစာမျိုပြွန်၊ နှာခေါင်းစသည်တို့တွင် နာတာရှည်ရောင်ရမ်းရောဂါဖြစ်ပွားနေသည့်အခါ
(၂) နာတာရှည်အသည်းရောင်ရောဂါ
(၃) ဆီးချိုရောဂါ
(၄) ကျောက်ကပ်ရောဂါ
(၅) ခံတွင်းခြောက်စေသည့် ဆေးဝါးများအမြဲသုံးနေရသည့်အခါ (အမူးအအန်ပျောက်ဆေးများ၊ အိပ်ဆေး-စိတ်ငြိမ်ဆေး၊ စိတ်ရောဂါကုဆေးများ၊ သွေးကျဆေးအချို့)
(၆) ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင် ဓာတ်ရောင်ခြည်ကုသမှုခံနေရသည့်အခါ (တံတွေးဂလင်းများပျက်စီးပြီးခံတွင်းခြောက်စေသဖြင့်)
(၇) ဆေးလိပ်စွဲမြဲပြီးသောက်သည့်သူများ
(၈) အူနှင့်အစာအိမ်ရောဂါဖြစ်ပွားနေသည့်အခါ
(၉) စိတ်ဖိစီးမှုများသည့်အခါ (တံတွေးခြောက်ခမ်းစေပြီး၊ ခံတွင်းဘက်တီးရီးယားများပွားများစေသည်)

ကုသမှု
ပထမဆုံးပြသတိုင်ပင်သင့်တာက သွားနဲ့ခံတွင်းဆရာဝန်ပါ။ အဖြစ်များဆုံးအကြောင်းရင်းက ခံတွင်းထဲမှာဖြစ်လို့ သွားနဲ့ခံတွင်းစစ်ဆေးမှုတွေအရင်ခံယူပြီး၊ ဖြစ်စေတဲ့အကြောင်းရင်းကိုကုသမှုခံယူသင့်ပါတယ်။ သွားနဲ့ခံတွင်းမှာဘာပြဿနာမှမတွေ့ဘူးဆိုရင်တော့၊ သွားဆရာဝန်က အထွေထွေရောဂါကုဆရာဝန်ဆီလွှဲပြီး စစ်ဆေးကုသမှုဆက်လက်ခံယူစေမှာဖြစ်ပါတယ်။ ဆရာဝန်ဆီသွားတဲ့အခါ ဘာဆေးတွေစွဲသောက်နေရတယ်ဆိုတာပြောပြဖို့လိုပါလိမ့်မယ်။
အထွေထွေရောဂါကြောင့်မဟုတ်ဘဲ၊ခံတွင်းသန့်ရှင်းရေးအလေ့အကျင့်များလိုအပ်နေတဲ့သူများကတော့ သင့်တော်တဲ့သွားတိုက်တံကိုရွေးချယ်ပြီးတနေ့နှစ်ကြိမ်စနစ်မှန်သွားတိုက်နည်းနဲ့သွားတိုက်ခြင်းသွားပွတ်ကြိုးနဲ့သွားကြားသန့်ရှင်းရေးလုပ်ပေးခြင်းလျှာသန့်ရှင်းရေးလုပ်ပေးခြင်း စတာတွေလုပ်ပေးခြင်းဖြင့် ခံတွင်းနံ့ပြဿနာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
ခံတွင်းနံ့ကြောင့် လူမှုရေးကျန်းမာရေးပြဿနာတွေကြုံတွေ့နေရသူတွေကိုလည်း၊ ကမ္ဘာပေါ်ကလူဦးရေတ၀က်လောက်ကဖြစ်နေတယ့်ပြဿနာမို့ ကိုယ်တယောက်ထဲမှာဖြစ်ရတဲ့ဝဋ်နာကံနာမဟုတ်ဘဲ၊ အကြောင်းရင်းကိုရှာဖွေကုသမှုခံယူရင် ပျောက်ကင်းသက်သာနိုင်တာကြောင့်၊ စိတ်ဓာတ်မကျဘဲ ကုသမှုခံယူဖို့ တိုက်တွန်းရေးသားတင်ပြလိုက်ရပါတယ်။

7 comments:

Anonymous said...

Thanks Dr.

ကြည်ကြည် said...

ဒီနေ့မှ ဖတ်ဖြစ်တယ် ဆရာရေ..ဒီပိုစ့်လေးအတွက် ကျေးဇူးပါနော်..
ခုတလော အလုပ်စာမေးပွဲ ရှိနေလို့ မအားဘူးဖြစ်နေတာ..ဆရာ့ကိုပြောရဦးမယ်..
လွန်ခဲ့တဲ့ ၂လ ၃လလောက်က ကျမသွားဆေးခန်းမှာ၊
သွားဖာခဲ့တယ်။ ကြိုပြီး ဓါတ်မှန်ရိုက်ထားပြီးသားပါ။
သူတို့ပြောတာတော့သွားအောက်ခြေ အမြစ်မှာ အပေါက်ရှိနေတာတဲ့။ ဒါနဲ့ ဆရာဝန်နဲ့ နာ့စ်နဲ့ ၂ယောက်သား ကျမ သွားတွေကို ဖာကြ ညှိကြနဲ့ တော်တော်ကြာတယ်။ နာတာလဲ အရမ်းပဲ။ ဒါတောင် ထုံဆေးပါသေးတယ်။ ကျမကို ရက်ချိန်း ၅ခါစာ ပေးလိုက်တယ်။ ဒုတိယ အခေါက်သွားတော့ ဘာပြသနာမှ မတွေ့ဘူး.. ဘာလုပ်ရမှန်းမသိဘူး ဆိုပြီး ဓါတ်မှန်စာရွက်ကြည့်လိုက်၊ ကျမပါးစပ်ကို ဟကြည့်လိုက်နဲ့ ဘာမှမလိုဘူး ကောင်းသွားပြီဆိုပြီး
ပြန်လွှတ်လိုက်ပါတယ်။ နောက်ရက်ချိန်းလဲ သွားစရာ မလိုတော့ဘူးပေါ့..
ဒါပေမဲ့ အဲ့လိုလုပ်ပြီးကတည်းက ကျမလျှာ ဘယ်ဘက်ခြမ်းက(အံသွားအောက်ခြေမှာ အပ်ခေါင်း၂ခုစာလောက် အစိမ်းရောင်လေးဖာပေး လိုက်တဲ့ဘက်)သွားနဲ့ အမြဲခြစ်မိနေသလို ခံစားရပြီး နာနေတယ်။ ပါးစပ်ထဲမှာ ခိုးလိုးခုလု အမြဲဖြစ်နေတာပဲ။
တဖြေးဖြေးနဲ့ ညတောင်အိပ်ပျက်လောက်အောင် ဖြစ်လာတယ်။ ကျမမှာ လျှာကို သွားနဲ့ မထိအောင် အလယ်မှာတန်းထားနေရတော့အာလဲညောင်းလာတယ်။
တခါတလေ ၀ါဂွမ်းဖတ်စလေး လျှာနဲ့ သွားကြားမှာ ထားပြီး အိပ်ရတယ်။ အဲ့ဒီဆရာဝန်နဲ့ ပြန်ပြရမှာ ကြောက်လို့ပါ။ သူနဲ့ မပြဘူး တခြားဆရာဝန်နဲ့ ပြောင်းပါရစေ ပြောရမှာလဲ အားနာ။ သူ့ကိုလဲ မယုံရဲနဲ့
မို့ စဉ်းစားနေတာဆရာရေ..
ခုတော့ တော်တော့်ကိုဆိုးလာပြီ..လျှာဘယ်ဘက်ပိုင်း တစောင်းလိုက်ညိုပြီး အရမ်းနာနေတယ်။ ကင်ဆာဖြစ်မှာ ကြောက်တယ်။ ဒီနေ့ ဆေးရုံမှာ ရက်ချိန်းသွားယူမယ်။ ဒါတောင် နောက်၂လ အနဲဆုံးကြာမှ တွေ့ရမှာပါ။

Dr. Nyan said...

မကြည်ကြည်ရေ...

လျှာမှာနာနေတာက၊ သွားဖာတဲ့နေ့မှာထုံဆေးထိုးထားခဲ့ရလို့ မသိလိုက်ဘဲ သွားနဲ့မတော်တဆကိုက်မိလိုက်ပြီး နာနေတာများလားလို့တွေးမိပါတယ်။ လျှာစောင်းနာနေတဲ့နေရာမှာ အနာဖြစ်နေလားဆိုတာမှန်ထဲမှာကြည့်ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီဖာထားတာကြောင့်ဆိုရင် အဲဒီဆေးခန်းမှာပြန်ပြရင်ချက်ချင်းသူတို့ ပြန်ပြုပြင်ပေးနိုင်မလားဘဲ။ ဆေးရုံကနှစ်လတောင်စောင့်ရမှာဆိုတဲ့ ဒီရက်တွေမှာ ခံစားနေရမှာပေါ့။

nyi said...
This comment has been removed by the author.
nyi said...

ကျွန်တော်သွားအခြေအနေလ့လာရင်းဆရာရဲ့ post ကိုတွေ့တာပါ
စဖြစ်တာကသွားတိုက်တံမကောင်းလို့သွားဖုံးရှပြီးသွေးထွက်တယ်သွားတိုက်တံမလဲဖြစ်ဘူး လွန်ခဲ့တဲ့တစ်ပတ်ကစပြီးဆိုးလာတယ် သွားနှစ်ချောင်းကြားတစ်နေရာကသွေးတွေအရမ်းယိုစိမ့်ထွက်တယ် ဆရာဝန်ဆီနှစ်ကြိမ်ပြေးတယ် သွေးတိတ်အောင်တော်တော်လုပ်ယူရတယ်
သွေးတိတ်တော့ကောင်းပြီထင်နေတာ ဆရာဝန်က bacterial infection မဝင်အောင် mouth rinse ပေးတယ် vitamin-c ပေးတယ် ခုလေ့လာရင်းသိတာက ကျွန်တော်သွေးယိုတာ vitamin-cချို့တဲ့လို့မဟုတ်ပါ ကိုယ့်ကိုယ်ပြန်စစ်ကြည့်တယ် ကျွန်တော်ဆေးလိပ်သောက်တယ်
မသန့်တဲ့ရေတွေခုတလောသောက်ဖြစ်တယ်
ခံတွင်းရေဓာတ်ခြောက်တယ်အိပ်ရေးပျက်တယ် ခုလည်း ၁နာရီကျော်ပြန်ပြီနာတာရှည် အာရုံကြောအားနည်းတယ်
ဒီနေ့ပိုဆိုးလာခာတယ် သွားတွေအကုန်ကျင်နေတယ် အားလုံးပြုတ်ထွက်တော့မလိုခံစားရတယ် သွားအကြောတွေထဲကပိုးတွေပြေးနေသလိုဖြစ်တယ် သွားဖုံးကဖျော့တော့နေတယ်နေရာတချှိုသွေးတွေစို့နေတယ် သွေးတွေနေရာစုံယိုလာပါပြီ ''''''''''''ကျွန်တော်သိချင်တာကရောဂါရဲ့အခြေအနေ ပြီးတော့ဘယ်လိုကုရမလဲဆိုတာ ဆရာကူညီလို့လမ်းညွှန်ပေးပါ'''' သွားဖုံးယောင်အဆင့်လား ..?ရေစည်းကမ်းပြိုအဆင့်လားသိချင်ပါတယ်
ခုmouth rinse သုံးနေတယ် မြန်မာထုတ်လေးညှင်းဆေးရည်လည်းသုံးတယ် သွားပွတ်တံအသစ်လဲ ဖရိုရိုက်ပါတဲ့သွားတိုက်ဆေးသုံးနေပါတယ်...ဘာဆက်လုပ်သင့်လဲ .ညွှန်ပြပေးပါဆရာ'''''''''ကျေးဇူးတင်ပါတယ်

Dr. Nyan said...

ကလေးလေးကဆေးလိပ်သောက်တယ်ဆိုတော့ သောက်တဲ့ပမာဏပေါ်မူတည်ပြီး ခံတွင်းနဲ့သွားဖုံးမှာထိခိုက်မှုရှိနိုင်ပါတယ်။ ဆေးလိပ်ကြောင့်နဂိုအခံရှိတဲ့သွားဖုံးရောင်ရောဂါက ပိုပြီးဆိုးစေပါတယ်။ နာတာရှည်သွားဖုံးရောင်အဆင့်ကနေ ရေစီးကမ်းပြိုအဆင့်ကိုစကူးနေပြီလို့ခန့်မှန်းရပါတယ်။ လက်တွေ့သွားတွေရဲ့အခြေအနေကိုမတွေ့ရလို့တထစ်ချမပြောနိုင်ပါဘူး။ ကုသမှုအဆင့်ဆင့်..၁။ သွားခြေမှာသွားကျောက်နဲ့ဘက်တီးရီးယားလွှာတွေရှိနေရင် ဆေးခန်းမှာခြစ်ထုတ်ရပါမယ်။ ၂။ ဆေးလိပ်ဖြတ်ရပါမယ်။ ၃။ ရေများများသောက်ရပါမယ်။ (ရေသောက်နည်းရင်ခံတွင်းခြောက်ပြီးတံတွေးရဲ့အလိုအလျောက်သွားနဲ့ခံတွင်းသန့်ရှင်းစေတဲ့ဂုဏ်သတ္တိကိုလျော့နည်းစေပါတယ်။
၎။ ဗီတာမင်စုံပါတဲ့အားဆေးကိုပုံမှန်မှီဝဲရပါမယ်။
၅။ မနက်စာစားပြီးနဲ့ ညအိပ်ယာမ၀င်မီအမြဲမပျက်မကွက်သွားတိုက်ရပါမယ်။

Anonymous said...

ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159